မလေးရှားမှာ ကိုဗစ်ထိန်းချုပ်ဖို့ ရွှေ့ပြောင်းတွေကို ဖမ်းဆီး

တိုက်ခန်းတွေထဲကနေ ဖမ်းဆီးသွားသူတွေကို တင်မယ့် ထရပ်ကားတွေဆီကို ခေါ်ဆောင်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုက်ခန်းတွေထဲကနေ ဖမ်းဆီးသွားသူတွေကို တင်မယ့် ထရပ်ကားတွေဆီကို ခေါ်ဆောင်လာစဥ်
ဖတ်ရန်အချိန်: မိနစ် ၁

ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု လျှော့ချရေးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာချီပြီး ဖမ်းဆီးတဲ့ စစ်ဆင်ရေး သောကြာနေ့က လုပ်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့တွေ တခြားနေရာတွေကို လျှောက်မသွားနိုင်အောင်နဲ့ ရောဂါ မပြန့်ပွားအောင် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ရဲချုပ်က အစိုးရ သတင်းဌာနကို ပြောပါတယ်။

တစ်ကိုယ်ရေ အကာအကွယ် ဝတ်စုံတွေ ဝတ်ထားတဲ့ လူအင်အား အများအပြားနဲ့ သူတို့ကို ဝင်ဖမ်းဆီးခဲ့တဲ့ ပုံတွေကို တွေ့ရပါတယ်။

ဒီလို ဝင်ရောက်ဖမ်းဆီးတဲ့နေရာတွေက နိုင်ငံခြားသားတွေ နေထိုင်ရာလို့ လူသိများတဲ့ ရပ်ကွက်ထဲမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေအကာအကွယ်၀တ်စုံတွေ ဝတ်ဆင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တစ်ကိုယ်ရေအကာအကွယ်၀တ်စုံတွေ ဝတ်ဆင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

သူတို့ကို ဖမ်းဆီးထားရှိတဲ့ စခန်းတွေထဲကနေ ကလေးတွေနဲ့ ညှာတာစာနာသင့်တဲ့သူတချို့ကို လွှတ်ပေးဖို့ မလေးရှား အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းထား ပါတယ်။

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဖီလ် ရောဘတ်ဆင်က အခုလို ဖမ်းဆီးထိန်းသိမ်းတာက မလေးရှားမှာ ကပ်ရောဂါကို ပိုဆိုးစေတယ်လို့ တွစ်တာမှာ ပြောပါတယ်။

ဒီလိုလုပ်တာက စခန်းထဲမှာ ကူးစက်နိုင်ခြေ ဖြစ်စေတဲ့အပြင် ဖမ်းဆီးခံရသူတွေက စည်းကမ်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ခြေ နည်းစေတယ်လို့ သူက ပြောပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

သူတို့ကို ဖမ်းဆီးထားတဲ့ပုံတွေကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ဖော်ပြသနေကြပါတယ်။

ဒီပုံတွေထဲမှာ လူတွေ ရာချီ ကြမ်းပြင်မှာ ပူးပူးကပ်ကပ် ထိုင်နေကြပြီး သူတို့ကို လက်နက်ကိုင်ရဲတွေက ဝိုင်းထားပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့တော့ ဒီပုံတွေကို အတည်မပြုနိုင်သေးပါဘူး။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ထောင်ကျော်ရှိပြီး သေဆုံးသူက ၁၀၃ ယောက် ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။