စံချိန်သစ်ထပ်တင်တဲ့ မြန်မာ့ ရွှေဈေး
ဓာတ်ပုံ ရင်းမြစ်, Huw Evans picture agency
ဇွန်လ ၂၁ ရက်နေ့ မနက်ကရန်ကုန် ရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်၁၁ သိန်း ၁ သောင်းအထိရောက် သွားခဲ့ပါတယ်။
ဒါဟာ မြန်မာ့ ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်သွားတဲ့စျေးလည်းဖြစ်ပါတယ် ။
သို့သော်သိပ်မကြာလှပါ ၊ညနေပိုင်းတွင်း၁၁ သိန်းအောက် ကိုပြန်ဆင်းကာ ၁၀ သိန်း ကိုးသောင်း ကိုးထောင်ဖြစ်သွားခဲ့ ပါတယ်။
ဒါပေမယ့်တက်ရိပ်ရှိနေဆဲလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်တဲ့သတင်းတွေအရ တော့ရွှေဈေးဟာ တစ်ရက်ထဲမှာ အတက် အကျမငြိမ်တာကိုတွေ့ရပါတယ် ။
အခုနှစ် ဦးပိုင်းမှာစလို့ ရွှေဈေးက ဆယ်သိန်းကျော်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, YGEA
ပုံမှန်အားဖြင့်တော့ရွှေဈေးနူန်းဟာ တနှစ် ကို ၅ ရာခိုင်နူန်းကနေ ၆ ရာခိုင်နူန်းလောက်တက်လေ့ ရှိပါတယ်။တစ်နှစ် ကို ကျပ်ငွေလေးငါးသောင်းလောက် တော့ နှစ်စဉ် တက်တယ် ပြောရမှာပါလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ကဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။
၂၀၁၉ နှစ်စက ပြန်တွက်ရင် တော့ ဇွန်လဆန်းအထိ ကျပ် ၅သောင်းလောက်တက်သွားတယ် လို့ လည်းရွှေလုပ်ငန်းရှင် တစ်ဦးကပြောပါတယ် ။
အခုရက်ပိုင်းတစ်ကျပ်သားကို ကျပ်လေးသောင်းလောက် ခုန်တက် သွားတာက တော့ ကမ္ဘာ ရွှေဈေးကြောင့်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းကပြောပါတယ် ။
ကမ္ဘာ ရွှေဈေးကတော့ တစ်အောင် စကို ဒေါ်လာ ၁၃၆၀ လောက် ကနေဒေါ်လာ ၁၄၀၅ လောက်ကိုလည်းတက်သွားပါတယ်။
ဒါ့အပြင် ရွှေဈေးတက်တာဟာ ရာသီချိန်နဲ့လည်းဆက်စပ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံ ကရွေအဓိကထုတ်လုပ်တဲ့ ရွေတွင်းတွေဟာ မိုးတွင်းကာလ နားတာကြောင့်မို့ လို အခုလို မိုးရာသီကာလတွေမှာ ရွှေဈေးတွေတက်လေ့ရှိပါတယ် ။
"မိုးတွင်းကတော့ တက်လေ့ရှိပါတယ် ၊ ရွှေတွင်းတွေပိတ်သလို စီးပွားရေးလုပ်တဲသူတွေ ကလည်း ရွှေဝယ်စုတာကြောင့် လည်းတက်ပါတယ် အခု ဟာကတော့ ကမ္ဘာ ရွှေဈေး တက်တာကြောင့်လည်းပါတယ် "လို့လည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းကပြောပါတယ်။
ဒါပေမဲ့ လက်ရှိစျေးကွက်ထဲက အများစုဟာ ရွှေတွင်းတွေကလာပြီး အဟောင်းချွှတ်ပြန်သန့်တာနဲ့ လည်ပတ်နေကြပါတာ လို့လည်းဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။ ကမ္ဘာ ရွှေဈေး နဲ့မြန်မာရွှေဈေးဘယ်လိုဆက်စပ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောမသွားပါဘူး။
မြန်မာနိုင်ငံမှာ ရွှေကို စုတဲ့ သူတွေက အတုံးလိုက် ဝယ်ကြတာပါ။ ၁၀ သားတုံးလေးတွေ ကို ပြည်တွင်းကရွှေသန့်တဲ့ လုပ်ငန်းတွေက ထုတ်ပါတယ်၊ အကယ်ဒမီ ဘသန်းစတဲ့ ရေွှသန်စင် လုပ်ငန်း ကရွှေတွေက ရေွှစုသူတွေကြားမှာ နာမည် ကြီးပါတယ်။ အရင်ကတော့ ရွှေစျေးတွေတက်ရင် အစိုးရ က ခေါ်ယူမေးမြန်းတာတွေလုပ်ပြီး မသိမသာ ထိန်းလေ့ရှိပါတယ် အခုတော့ ဈေးကစားတာ တွေရှိ၇င် မြန်မာနိုင်ရွေလုပ်ငန်းရှင် အသင်းနဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတို့ ကခေါ်ယူသတိပေးတာတွေရှိပါတယ်လို့ ဒေါ်ဟန်နီမြင့်ဆွေ က ဘီဘီစီကိုပြောပါတယ်။
လကိရှိမြန်မာရွေဈေးဟာ စံချိန်တင် သွားပေမဲ့ မြန်မာစီးပွားရေးနဲ့အခြားဈေးကွက် တွေကို ထိခိုက်စရာမရှိဘူးလို့ လည်းမြန်မာနိုင်ရွေလုပ်ငန်းရှင် အသင်းပြောပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။