CIA အသုံးပြုတဲ့ လျှို့ဝှက်နည်းတွေကို Wikileaks ဖွင့်ချ
ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်တာနက် အချက်အလက်တွေကို ခိုးဝင် ကြည့်ရာမှာ အမေရိကန် CIA ထောက်လှမ်းရေး အဖွဲ့ အသုံးပြုတဲ့ ထိပ်တန်းလျှို့ဝှက်နည်းတွေကို ဖေါ်ပြထားတယ်ဆိုတဲ့ လျှို့ဝှက် စာရွက်စာတမ်း ထောင်ပေါင်းများစွာကို Wikileaksက ထုတ်ပြန်လိုက်ပါတယ်။
သီးခြားလွတ်လပ်စွာ အတည်မပြုရသေးတဲ့ အဲဒီ စာရွက်စာတမ်းတွေထဲမှာ smart phones တွေနဲ့ ကွန်ပြူတာတွေကို ပစ်မှတ်ထားတဲ့ softwareရဲ့ အသေးစိတ်အချက်အလက်တွေကို ဖေါ်ပြထားပါတယ်။
စာရွက်စာတမ်း တနေရာမှာ ဆိုရင် CIA ထောက်လှမ်းရေး အဖွဲ့ ဟာ ဗြိတိသျှ ထောက်လှမ်းရေးတွေနဲ့ ပေါင်းပြီး Samsung smart TVs တွေကို နားထောင်လို့ ရတဲ့ ကိရိယာပစ္စည်းတွေအဖြစ် ပြောင်းလို့ရအောင် အဲဒီ TV တွေထဲက အချက်အလက်တွေကို ထိုးဖောက် ခိုးဝင်ကြည့်ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။
{{rankTranslation}}