ထိပ်တိုက်ပွဲတွေ ရှိနေတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီတစ်ပတ် ကြားရက်မှာတော့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် ၄ကို ကစားဖို့ ရှိပါတယ်။ ဒီတစ်ပတ် ပွဲတွေမှာ ရှုံးထွက် အဆင့်ကို တက်ရောက်မယ့် အသင်းတွေ ထွက်ပေါ်လာဖို့ ရှိသလို စိတ်ဝင်စားစရာ ပွဲကောင်းတွေလည်း ကစားကြမှာပါ။ လက်ရှိ အချိန်အထိ ပွဲစဉ် ၃ အပြီးမှာတော့ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုမက်ဒရစ်၊ နာပိုလီ၊ ဘာစီလိုနာတို့ အခြေအနေ ကောင်းနေကြတာပါ။
လက်ရှိ ချန်ပီယံလိဂ် ပွဲစဉ် ၃အပြီးမှာတော့ ဆာဇ်ဘတ်ရဲ့ နော်ဝေး လူငယ်တိုက်စစ်မှူး ဟာလန်ကတော့ ၆ဂိုးသွင်းထားပါတယ်။ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားဖြစ်သလို ဆယ်ကျော်သက် ကစားသမားတစ်ဦးထဲ ပွဲစဉ် ၃ပွဲအပြီးမှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းတင်ထားတာပါ။ ဘိုင်ယန်က လီဝန်ဒေါစကီးလည်း ဂိုးမြူးနေသလို ကိန်း၊ စတာလင်တို့လည်း ၄ဂိုးစီ သွင်းထားကြပါတယ်။
အင်္ဂါနေ့ ပွဲစဉ်များ
ဘာစီလိုနာ - ဆလာဗီးယားပရာဟာ
ဇင်းနစ် - လိုက်ပ်ဇက်
ဒေါ့မန် - အင်တာမီလန်
ချယ်လ်ဆီး - အားယက်စ်
လီဗာပူးလ် - ဂန့်
လီယွန် - ဘင်ဖီကာ
နာပိုလီ - ဆာဇ်ဘတ်
ဗလန်စီယာ - လိုင်လီ
ဒေါ့မန် - အင်တာမီလန်
နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲဖြစ်လို့ အမှားခံလို့ မရတဲ့ပွဲပါ။ အထူးဖြင့် ရမှတ် တူနေပြီ ၄မှတ်စီရထားတဲ့ နှစ်သင်းစလုံးက ခြေစွမ်းသိပ်မကွာတဲ့ အသင်းတွေဖြစ်သလို လက်ရှိမှာလည်း သက်ဆိုင်ရာ လိဂ်တွေမှာ ဒုတိယနေရမှာ ရပ်တည်နေကြတဲ့အသင်းတွေပါ။ ကွန်တေရဲ့ အင်တာဟာ ဒီဖက် နောက်ပိုင်းမှာ ကစားပုံ ပိုကောင်းလာသလို ခံစစ်ကလည်း တည်ငြိမ်နေပြီး လူကာကူ၊ မာတီးနက်ဇ် အတွဲက ဂိုးမြူးနေပါတယ်။ ဒေါ့မန်က အိမ်ကွင်းဖြစ်လို့ အသာစီးရနိုင်မှာဖြစ်ပေမယ့် အကြိတ်အနယ် ရှိမယ့်ပွဲပါ။
ချယ်လ်ဆီး - အားယက်စ်
ပထမအကျော့တုန်းက ကစားခဲ့တဲ့ ချယ်လ်ဆီးရဲ့ ခြေစွမ်းက အားရစရာပါ။ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့သလို လက်ရှိမှာလည်း လမ်းပတ်ရဲ့ အသင်းက တည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတာပါ။ အားယက်စ်ကတော့ လိဂ်မှာ ခြေစွမ်းကောင်းပေမယ့် ဒီပွဲမှာတော့ နောက်ထပ် အမှားခံလို့ မရတဲ့အနေအထားပါ။ ဒီပွဲမှာ အားယက်စ် ပရိသတ်တွေ မပါဘဲ ကစားမှာဖြစ်လို့ ချယ်လ်ဆီးက ပိုအားသာချက်ရမှာ သေချာပါတယ်။ ခြေစွမ်းမကွာတဲ့ အသင်းတွေဖြစ်ပြီး ပရိသတ် ကြိုက်မယ့်ပွဲမျိုးပါ။
လီဗာပူးလ် - ဂန့်
ဒီပွဲပြီးရင် အရေးပါတဲ့ မန်စီးတီးနဲ့ပွဲရှိလို့ ဒီပွဲကို လီဗာပူးလ် လူစုံထုတ်ဖို့ မသေချာပါဘူး။ အာဆင်နယ်ကို အရန်ကစားသမားတွေနဲ့ အနိုင်ယူခဲ့တဲ့ အနေအထားကြောင့် ဒီပွဲကိုလည်း အပြောင်းအလဲတွေ တွေ့ဖွယ်ရှိပါတယ်။ ခြေစွမ်းအရတော့ ယာဂမ်ကလော့ပ်ရဲ့ အသင်း လွယ်ကူမယ့်ပွဲပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ဗုဒ္ဓဟူးနေ့ ပွဲစဉ်များ
ဘိုင်ယန်မြူးနစ် - အိုလံပီယာကော့စ်
လိုကိုမိုးတစ် မော်စကို - ဂျူဗင်တပ်စ်
အတ္တလန်တာ - မန်စီးတီး
လေဗာကူဆင် - အက်သလက်တီကို
ဒီနမိုဇာဂရက် - ရှက်တာဒိုးနက်
ပီအက်စ်ဂျီ - ကလပ်ဘရု
ရီးယဲယ် - ဂါလာတာစာရေး
ရက်စတားဘဲဂရိတ် - စပါး
လေဗာကူဆင် - အက်သလက်တီကို
ဂျာမန်မှာ ခြေစွမ်းမဆိုးလှပေမယ့် ချန်ပီယံလိဂ်မှာတော့ လေဗာကူဆင် ရုန်းကန်နေရပါတယ်။ ဆီမီယွန်နီရဲ့ အသင်းကလည်း ဒီနှစ်မှာ ခြေမမှန်တဲ့အနေအထားကြောင့် ခန့်မှန်းရခက်တဲ့ပွဲမျိုးပါ။ အတွေ့အကြုံအရတော့ အက်သလက်တီကို အသာရနိုင်ပေမယ့် ခက်ခဲမယ့်ပွဲဖြစ်ပါတယ်။
ရီးယဲယ် - ဂါလာတာစာရေး
၁၃ကြိမ် ချန်ပီယံ ရီးယဲယ်ကလည်း ခြေစွမ်းကို မှန်းရခက်နေဆဲပါ။ တစ်ကျော့ပြန် ဇီဒန်းရဲ့ အသင်းဟာ ကစားသမား သစ်တွေရှိပေမယ့် လူဟောင်းတွေကိုပဲ အားကိုးနေရဆဲဖြစ်ပါတယ်။ ဟာဇက် ခြေစွမ်းမပြနိုင်သေးတာက ရီးယဲယ် ရုန်းကန်နေရတာဖြစ်ပြီး ပထမအကျော့တုန်းကလည်း ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာပါ။ ဘက်တစ်ကို လာလီဂါမှာ အနိုင်မကစားနိုင်ခဲ့တဲ့ ရီးယဲယ် ဒီပွဲလည်း အကြိတ်အနယ် ကစားရဖို့ ရှိနေပါတယ်။
ဂိုးအများဆုံးသွင်းထားသူများ
၁)ဟာလန် ( ဆာဇ်ဘတ် ) - ၆ဂိုး
၂) လီဝန်ဒေါစကီး ( ဘိုင်ယန်မြူးနစ် ) - ၅ ဂိုး
၃) ဂနာဘရီ ( ဘိုင်ယန်မြူးနစ်) - ၄ ဂိုး
၃)စတာလင် ( မန်စီးတီး ) - ၄ ဂိုး
၃)အော်ဆစ် (ဒီနမိုဇာဂရက်) - ၄ ဂိုး
၃) ကိန်း ( စပါး ) - ၄ ဂိုး
အအောင်မြင်ဆုံး အသင်းများ
၁) ရီးယဲယ်မက်ဒရစ် ( စပိန်) - ၁၃ကြိမ်
၂) အေစီမီလန် ( အီတလီ) - ၇ ကြိမ်
၃) လီဗာပူးလ် ( အင်္ဂလန်) - ၆ ကြိမ်
၄) ဘိုင်ယန်မြူးနစ် ( ဂျာမနီ) - ၅ ကြိမ်
၅) ဘာစီလိုနာ ( စပိန်) - ၅ ကြိမ်
၆) အားယက်စ် ( နယ်သာလန်) - ၄ ကြိမ်
၇) အင်တာမီလန် ( အီတလီ) - ၃ ကြိမ်
၈) မန်ချက်စတာယူနိုက်တက် ( အင်္ဂလန်) - ၃ ကြိမ်
၉) ဂျူဗင်တပ်စ် ( အီတလီ) - ၂ ကြိမ်
၁၀) ဘင်ဖီကာ ( ပေါ်တူဂီ) - ၂ ကြိမ်
၁၁) နော့တင်ဟမ်ဖောရက်စ် ( အင်္ဂလန် ) - ၂ ကြိမ်
၁၂) ပေါ်တို ( ပေါ်တူဂီ) - ၂ ကြိမ်

ဓာတ်ပုံ ရင်းမြစ်, AFP
သမိုင်းတစ်လျောက် ဂိုးအများဆုံး သွင်းထားသူများ
၁) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၁၂၇ ဂိုး
၂) မက်ဆီ ( အာဂျင်တီးနား) - ၁၁၃ ဂိုး
၃) ရာအူးလ် ( စပိန်) - ၇၁ ဂိုး
၄) ဘန်ဇီမာ ( ပြင်သစ်) - ၆ဝ ဂိုး
၅) လီဝန်ဒေါ်စကီး ( ပိုလန်) - ၅၈ ဂိုး
၆) နစ္စတယ်ရွိုင်း ( နယ်သာလန်) - ၅၆ ဂိုး
၇) အွန်နရီ ( ပြင်သစ်) - ၅ဝ ဂိုး
နောက်ဆုံး ၁ဝနှစ် ချန်ပီယံများ
၂၀၁ဝ) အင်တာမီလန် ၂-ဝ ဘိုင်ယန်မြူးနစ်
၂၀၁၁) ဘာစီလိုနာ ၃-၁ မန်ယူ
၂၀၁၂) ချယ်လ်ဆီး ၁-၁ ဘိုင်ယန်မြူးနစ် ( ပင်နယ်တီမှာ ချယ်လ်ဆီးနိုင်)
၂၀၁၃) ဘိုင်ယန်မြူးနစ် ၂-၁ ဒေါ့မန်
၂၀၁၄) ရီးယဲယ်မက်ဒရစ် ၄-၁ အက်သလက်တီကိုမက်ဒရစ်
၂၀၁၅) ဘာစီလိုနာ ၃-၁ ဂျူဗင်တပ်စ်
၂၀၁၆) ရီးယဲယ်မက်ဒရစ် ၁-၁ အက်သလက်တီကိုမက်ဒရစ် ( ပင်နယ်တီမှာ ရီးယဲယ်နိုင်)
၂၀၁၇) ရီးယဲယ်မက်ဒရစ် ၄-၁ ဂျူဗင်တပ်စ်
၂၀၁၈) ရီးယဲယ်မက်ဒရစ် ၃-၁ လီဗာပူးလ်
၂၀၁၉) လီဗာပူးလ် ၂-ဝ စပါး








