အမှုပေါင်း၆မှုနဲ့ ထောင်ထဲရောက် ရွာသား၂၀

အမှုပေါင်း ၆မှုနဲ့ ထောင်ထဲ ရောက် ရွာသား၂၀

ဓာတ်ပုံ ရင်းမြစ်, Min Sit Naing

ဓာတ်ပုံ ပုံစာ, အမှုပေါင်း ၆မှုနဲ့ ထောင်ထဲ ရောက် ရွာသား၂၀

အစိုးရ၊ ရဲတပ်ဖွဲ့နဲ့၊ ဘိလပ်မြေကုမ္ပဏီတို့က အမှုပေါင်း၆မှုနဲ့ တရားစွဲခံထားရတဲ့ မန္တလေးမြို့အနီးက အောင်သပြေရွာသား ၂၀ ကျော်အနက် ရွာသား ၃ဦး ကတော့ ဇူလိုင်လ ၂ရက်နေ့က ပထမဆုံး ထောင်ဒဏ် ၁၄ လစီ ချမှတ် ခံလိုက်ရပါတယ် ။

ကျေးလက်ဦးစီးက စွဲဆိုထားတဲ့ အမှု ၂မှုကို အမှုရင်ဆိုင်ပြီး တစ်နှစ်ကျော်အကြာမှာ အခုလို အမိန့် ချမှတ်ခံရတာ ဖြစ်ပါတယ်။

ဒီအမှုဟာ ကျေးရွာချင်းဆက် လမ်းမှာ ခြံစည်းရိုးချဲ့တဲ့ အမှု ဖြစ်ပါတယ်။ မေလ ၁၅ရက် ရဲတပ်ဖွဲ့နဲ့ ပဋိပက္မှမှာ အဖမ်းခံရပြီး မန္တလေးအိုးဘိုထောင်ထဲမှာ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတဲ့ အောင်သပြေ ရွာသား ကိုထွန်းမြင့်ဝင်းအမေ အသက်၇၀ အရွယ် ဒေါ်အေး ဟာလည်း ဒီအမှုတွေနဲ့ တရားစွဲတာခံထားရသူ ထဲမှာတစ်ဦးအပါဝင်ဖြစ်ပါတယ်။ တရားစွဲ ခံထားရတဲ့ အမှုတွေအားလုံးဟာ ရွာထိပ်မှာ မြင့်ကုမ္ပဏီ ကဆောက်လုပ်နေတဲ့ တန် ၅,၀၀၀ ကျ Alpha ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ဆက်နွှယ်လာတဲ့ အမှုတွေ ဖြစ်တယ် လို့ အောင်သပြေ ရွာသားတွေဘက် က ပြောပါတယ်။

အယူခံ တက်သွားမယ်လို့ရှေ့နေဦးစည်သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Min Sit Naing

ဓာတ်ပုံ ပုံစာ, အယူခံ တက်သွားမယ်လို့ရှေ့နေဦးစည်သူက ဘီဘီစီကို ပြောပါတယ်။

အစိုးရ ကျေးလက်ဦးစီးက နှစ်မှု

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ အနီးတည်ဆောက်နေတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်း ရဲ့ စက်ရုံကုန်ထုတ်လမ်း စီမံကိန်း နဲ့အဲဒီလမ်းပေါ် ကျုးကျော်တယ်ဆိုတဲ့ တောင်သူတွေ ပြဿနာကမနှစ်ကစဖြစ်တာပါ။

အောင်သပြေ ကျေးရွာဒေသခံ ဒေါ်မြမြ၊ ဦးသန်း ပိုင်နှင့် သရက်ကိုင်းကျေးရွာဒေသခံဒေါ်မြတို့ကို လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် လမ်းတံတား ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ပြီးခဲ့သည့်နှစ်က တရားစွဲဆိုခဲ့ပါတယ် ။

လမ်းတံတား ဥပဒေပုဒ်မ ၂၂ အရ အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်၊ လမ်းတံတားဥပဒေ ပုဒ်မ ၂၃ အရ အလုပ်နဲ့ ထောင် ဒဏ်နှစ်လ အမိန့်ချရာမှာ၊ အဆိုပါ ပြစ်ဒဏ်တွေကို သီးခြားစီကျခံရန် အမိန့်ချမှတ်ခဲ့ တာ လို့ ဒီအမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဦးစည်သူကပြောပါတယ်။

အမိန့်ချခံတောင်သူများ၏ ရှေ့နေဦးစည်သူက ''တရားရုံးက ချမှတ်တဲ့အမိန့်ဟာ မြေတိုင်းစာရေးရဲ့ ထွက်ဆိုချက်ပေါ်မှာ သုံးသပ် မှုမရှိဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယူခံ တက်သွားမယ်''လို့ ဘီဘီစီကို ပြောပါတယ်။

မေလ ၁၅ ရက်မနက်မှာ ခရိုင်မှူး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လာရောက်နှိမ်နင်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မေလ ၁၅ ရက်မနက်မှာ ခရိုင်မှူး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လာရောက်နှိမ်နင်းပါတယ်။

ရဲတပ်ဖွဲ့နဲ့အောင်သပြေတို့ ဇာတ်လမ်း အစ

မန္တလေးမတ္တရာ လမ်းပေါ်ကနေ အထဲကို ချိုးဝင်ရတဲ့ အောင် သပြေကျေးရွာအနီးက တည်ဆောက်နေတဲ့ ဘိလပ်မြေစက် ရုံစီမံကိန်းက ဒီပြဿနာ တွေအစဖြစ်ပါတယ်။ သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တယ် ဆိုပြီး ဒေသခံအချို့က ကန့်ကွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုထောင်ဒဏ်ချမှတ်ခံရ သူတွေ ဟာလည်း လမ်းမြေခြံစည်းရိုး ခတ်လို့ အဖမ်းခံထားရ တာ ၁၀ လကျော်ရှိပါပြီ။

ပြီးခဲ့တဲ့ မေလ၁၄ ရက်လောက်မှာတော့ ရွာနဲ့ဘိလပ်မြေစက်ရုံ စီမံကိန်းထိပ်တိုက် တွေ့မှုတွေက အရှိန်အမြင့်ဆုံးကို ရောက်လာပါတယ်။

မေ ၁၄ရက် တနေ့ကုန်နဲ့ တညလုံးမှာ ဆန့်ကျင် ဆန္ဒပြနေတဲ့ ရွာသားတွေဟာ ရွာ ဘေးက Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သလို၊ စက်ရုံဝင်းထဲကို ကုမ္ပဏီပိုင်ယာဉ်တွေ အဝင်မခံဘဲ ရွာထိပ်လမ်းကို ပိတ်ဆို့တားဆီးကာ ကန့်ကွက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် မေလ ၁၅ ရက်မနက်မှာ ခရိုင်မှူး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လာရောက်နှိမ်နင်းခဲ့ပြီး ရွာသား ၂ဦးနဲ့အတူ အခင်း ဖြစ်စဉ်ကို တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်နေတဲ့ သတင်းထောက်တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

သတင်းထောက် အလုပ်လုပ်ရင်း Channel Mandalay ရုပ်သံသတင်းထောက် နန္ဒတစ်ကိုယ်တော် လည်း အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, သတင်းထောက် အလုပ်လုပ်ရင်း Channel Mandalay ရုပ်သံသတင်းထောက် နန္ဒတစ်ကိုယ်တော် လည်း အဖမ်းခံရ

ရဲတပ်ဖွဲ့နဲ့ နှစ်မှု

အခင်းဖြစ်ပွားစဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဘက်က ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့သလို ဆန္ဒပြ ရွာသားတွေ ဖက်ကလည်း ကုန်းသီးတွေ လေးခွ တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမယ့်အသေအပျောက် မရှိဘဲထိခိုက် ဒဏ်ရာ ရမှုတွေတော့ ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဇွန်လ ၁၃ရက်နေ့အထိ အဖမ်းခံထားရသူ ၁၀ယောက် ရှိပြီး အမှုဖွင့်ခံထားရသူ စုစုပေါင်း ၃၀ပတ်ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့မှာတော့ ကိုထွန်းမြင့်ဝင်း အဖမ်းခံခဲ့ရပြီး သူ့ကို အောင်သပြေနားက ကြာနီကန် ရဲစခန်းမှာ စစ်ဆေးကာ အဲဒီနေ့ ညနေပိုင်းမှာ ပုသိမ်ကြီး မြို့မ ရဲစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

ကိုထွန်းမြင့်ဝင်း ရဲ့ အမှုကို အဓိက ကိုင်တွယ်စစ်ဆေး အမှုဖွင့်ထားသူကတော့ ပုသိမ်ကြီး ခရိုင်ရဲမှူး မျိုးညွန့်သန်း ဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးပြီး တပတ်တိတိ ပြည့်တဲ့ မနက်မှာတော့ ရဲမှူး မျိုးညွန့်သန်း အလောင်းကို သူ့နေထိုင်ရာ ရဲလိုင်းခန်းမှာ သေနတ် တလက်နဲ့အတူ တွေ့ခဲ့ရပါတယ်။ ရဲမှူး သေဆုံးမှုနဲ့ပတ်သက်လို့ သူ့ကိုယ်သူ သေကြောင်းကြံတာလို့ ပြောကြတာတွေ ရှိပါတယ်။

လာမဲ့ဇူလိုင်လ ၅ရက်နေ့မှာ တော့ ရဲမှူး မျိုးညွန့်သန်းတရားလို လုပ်ပြီးဖွင့်ထားတဲ့ အမှု၂ မှု ရုံးချိန်းဖြစ်ပါတယ်။

အမှုကတော့ တရားလို ရဲမှူးဆုံးသွားပေမဲ့ ရဲဘက် အမှုကတော့ ရုပ်သိမ်းဖို့ မရှိ သလို တရားလိုပြောင်းဖို့ရှိတယ်လို့ ရှေ့နေဦးစည်သူက ပြောပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးအမှုကို အမှန်ဖော်ထုတ်ပေးဖို့လည်းလိုလားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို အမှန်ဖော်ထုတ်ပေးဖို့လည်းလိုလားနေကြပါတယ်။

ကုမ္မဏီက စွဲတဲ့ ၂ မှု

မေလ ၁၅ ရက်နေ့ မနက်လင်းအားကြီး အချိန် ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့လုံခြုံရေး တပ်ဖွဲ့တွေက ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ အင်အားသုံး လူစု ခွဲခဲ့သလို

ဆန္ဒပြသူတွေကလည်း မနက် ၈ နာရီ ပတ်ဝန်းကျင်လောက်မှာ စက်ရုံ စီမံကိန်းဝင်း အတွင်း ဝင်ရောက်ကာ အထဲက ကားတွေနဲ့ အဆောက်အအုံကို ဝင်ရောက် မီးရှို့ခဲ့ပါတယ်။

မီးရှို့မှုကြောင့် ကားနှစ်စီး ဆိုင်ကယ် သုံးစီး မီးလောင်ပျက်စီး သွားခဲ့ပါတယ်။

ဒါကြောင့် ကုမ္ပဏီဘက်က အမှုနှစ်မှုနဲ့ စွဲထားပါတယ်။

''အဲဒါကတော့ ၄၃၆ နဲ့၄၄၀ ဖြစ်ပါတယ် ကုမ္ပဏီ ဘက် ကစွဲထားတာပါ'' လို့ အောင်သပြေ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ့ ဦးစည်သူကပြောပါတယ်။

ကျောက်မီးသွေးသုံး Alpha ဘိလပ်မြေ စက်ရုံ စီမံကိန်း ဟာ ၂၀၁၂ ကတည်းက ဒေသခံတွေ ကန့်ကွက်မှုကြောင့် ရပ်နားထားရပြီး လက်ရှိ အစိုးရ လက်ထက်မှာ ဥပဒေနဲ့ ညီညွတ်မှု ရှိတယ်လို့ ဆိုကာ မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မြင့်ကုမ္ပဏီကဆောက်လုပ်နေတဲ့ တန် ၅,၀၀၀ ကျ ထုတ်လုပ်သွားမယ့် Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ဟာ ကျောက်မီးသွေးစွမ်းအင် အသုံးပြုတာ ဖြစ်ပါတယ်။

အမှုပေါင်း၆ မှုနဲ့ စွဲဆို ခံထားရတဲ့ ရွာသား ၂၀ ကျော် ဟာ ထောင်ထဲမှာ ရှိနေသလို ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။ တရားရုံးဘက် က ပထမဆုံးအမှု ၂ မှု အမိန့်ချမှတ်အပြီးမှာတော့ အောင်သပြေ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ့ ဦးစည်သူက တရားခံရဲ့ အခွင့်အရေးတွေ တရားရုံးက အပြည့်အဝ မပေးဘူး လို့ ပြောပါတယ်။

အောင်သပြေ အမှုတွေနဲ့ပက်သက်ပြီး ဥပဒေအရ လွဲမှားစွာစွဲဆိုတာတွေ၊ တရားရုံးကလိုတဲ့ အပိုင်းလေးတွေ ကွက်ပြီး သုံးသပ်တာတွေ တွေ့ရလို့ အောင်သပြေ ဒေသခံတွေပေါ်မှာ ပြစ်ဒဏ်ချမှတ်လိုတဲ့ သဘောတွေရှိတဲ့ အတွက်နောက်အမှုတွေအတွက် စိုးရိမ်တယ်လို့ပြောပါတယ်။