မော်လမြိုင်က အခမဲ့စားစရာတွေရတဲ့နေရာ

မွန်ပြည်နယ် မော်လမြိုင်မြို့ကမ်းနားလမ်း မှာ အခမဲ့စားစရာတွေ ရတဲ့ food Box နေရာ

ဓာတ်ပုံ ရင်းမြစ်, zin moe FB

ဓာတ်ပုံ ပုံစာ, မွန်ပြည်နယ် မော်လမြိုင်မြို့ကမ်းနားလမ်း မှာ အခမဲ့စားစရာတွေ ရတဲ့ Food Box နေရာ

မွန်ပြည်နယ် မော်လမြိုင်မြို့ကမ်းနားလမ်းမှာ အခမဲ့ စားစရာတွေ ရတဲ့နေရာ တစ်ခုကို မော်လမြိုင်က လူငယ်တွေက ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကစပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။

မော်လမြိုင်မြို့က ပရဟိတ လုပ်တဲ့ အလှူရှင် လူငယ်တွေ ဦးဆောင် ပြီးလုပ်တာလို့လည်း အခမဲ့စားစရာတွေ ရတဲ့နေရာ Food Box ကို ဦးဆောင် စီစဉ်သူတစ်ဦးက ပြောပါတယ် ။

မြို့အနှံ လေးငါးခြောက် ခုလောက် တကယ်လိုတဲ့နေရာတွေ မှာ အကောင်ထည် ဖော်ဖို့ ရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, zin moe FB

ဓာတ်ပုံ ပုံစာ, မြို့အနှံ လေးငါးခြောက်ခုလောက် တကယ်လိုတဲ့နေရာတွေ မှာ အကောင်ထည် ဖော်ဖို့ ရှိပါတယ်

" ကျွန်တော်တို့ ဒီဟာပြီးရင် မြို့အနှံ လေးငါးခြောက်ခုလောက် တကယ်လိုတဲ့နေရာတွေမှာ အကောင်ထည်ဖော်ဖို့ ရှိပါတယ်"လို့ ဦးဆောင် စီစဉ်သူ ကိုဇင်မိုးကပြောပါတယ်။

မန္တလေးမှာ လုပ်တာကို အားကျပြီး မော်လမြိုင်မှာ လုပ်တာပါလို့လည်းသူက ရှင်းပြပါတယ်။

ဒီ Food Box ကနေစပြီး နိုင်ငံကြီးသားပီသတဲ့ အလေ့အကျင့်ကို အကောင်ထည်ဖော် နိုင်ဖို့လို့လည်းသူတို့က ရည်ရွယ်ကြပါတယ်။

စဖွင့်တဲ့ နေ့မှာ တော့ လာလှူသူတွေ ပါရောက်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, zin moe FB

ဓာတ်ပုံ ပုံစာ, စဖွင့်တဲ့နေ့မှာ တော့ လာလှူသူတွေပါ ရောက်လာကြပါတယ်။

ဒီကနေ့ သူတို့ကို လူတွေက အစောပိုင်းမှာ အလကားဝေတာ ထင်ပြီးလာယူတဲ့သူတွေ များတာကိုသူတို့တွေ့ခဲ့ ရပါတယ်။ နောက်ပိုင်းတော့ လာလှူတဲ့ သူတွေလည်းရောက် လာကြတော့ အဆင်ပြေတယ်လို့ လည်း ကိုဇင်မိုးကပြောပါတယ် ။

ပိုတဲ့သူလာလှူ လို့ရသလို လိုတဲ့ သူလည်းလာယူလို့ရတယ်။ ကျွန်တော်တို့က စော့င်ကြည့်ပေးသွားမှာဖြစ်ပြီးတော့ လိုတာ ပံ့ပိုးပေးသွားမှာပါ လို့လည်း ကကိုဇင်မိုးကပြောပါတယ် ။