မြန်မာငလျင်တစ်ပတ်ပြည့်- ဓာတ်ပုံတွေကပြောတဲ့ငလျင်ဘေးကြုံ မန္တလေးရဲ့ မှတ်တမ်းများ

ဓာတ်ပုံ ရင်းမြစ်, Chengdu Economic Daily/VCG via Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့က ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့မီးသတ်ဌာနရှေ့မှာ မီးသတ်ဝန်ထမ်းနဲ့ ကလေးငယ်တို့မြင်ကွင်း။
ဖတ်ရန်အချိန်: မိနစ် ၂

မြန်မာက မန္တလေး၊စစ်ကိုင်းနဲ့ နေပြည်တော် အပါအဝင် ဒေသ ၆ ခုထက်မနည်းမှာ ပြင်းအားအလွန်မြင့်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဧပြီ ၄ ရက်မှာ တစ်ပတ်တိတိပြည့်ပြီဖြစ်ပါတယ်။

မတ် ၂၈ ရက် က ပြင်းအားအဆင့် ရစ်ချ်တာစကေး ၇ ဒသမ ၇ နဲ့ အင်အားအလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦး ရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chengdu Economic Daily/VCG via Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့က ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့မီးသတ်ဌာနရှေ့မှာ မီးသတ်ဝန်ထမ်းများ

မန္တလေးတိုင်းထဲမှာ ၂,၀၅၃ ဦးနဲ့ ငလျင်ကြောင့်သေဆုံးသူ အများဆုံးဖြစ်ခဲ့ပါတယ်။ မန္တ‌လေးတိုင်းထဲကမှ အမရပူရ မြို့နယ်မှာ ၃၁၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ကာ ပျော်ဘွယ်မှာတော့ ၂၃၃ ဦး သေဆုံးခဲ့ပြီး တခြားမြို့နယ်တွေမှာ ‌‌သေဆုံးသူ ၁၅၀၀ ‌‌ကျော်ရှိခဲ့ပါတယ်။

လူသေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့မန္တလေးမြို့က ငလျင်ဘေးကြုံတစ်ပတ်ပြည့်အခြေအနေ ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ ငလျင်ဘေးကယ်ဆယ်ရေးစခန်းနေရာက သားအမိနှစ်ဦး။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းပေါ်မှာ အိပ်စက်နေရဆဲ မန္တလေးမြို့ခံများ။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, ငလျင်ဘေးကြားရှင်သန်ရုန်းကန်နေရဆဲ မြို့ခံများ။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, ငလျင်ဘေးကြားရှင်သန်ရုန်းကန်နေရဆဲ မြို့ခံများ။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းပေါ်မှာ အိပ်စက်နေရဆဲ မန္တလေးမြို့ခံများ။

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းပေါ်မှာ အိပ်စက်နေရဆဲ မန္တလေးမြို့ခံများ။

အမရပူရနဲ့ မန္တလေးမြို့ပေါ် မှာတော့ ငလျင်ဘေးကြုံတဲ့ကာလ တစ်ပတ်ရှိလာပေမဲ့ ရုပ်အလောင်းတွေဆက်ရှာနေတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်။

ဒါအပြင် မန္တလေးမှာ ပြိုကျအဆောက်အဦတွေကို ရှင်းလင်းနိုင်ရေးလည်း အခက်အခဲဖြစ်နေပြီး ပုဂ္ဂလိကရှင်းလင်းလိုသူတွေအတွက်လည်း အကန့်အသတ်တွေရှိနေတယ်လို့ သိရပါတယ်။