အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ တရုတ်ဆိပ်ကမ်း အခြေအနေ
အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ တရုတ်ဆိပ်ကမ်း အခြေအနေ
ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နိုင်ငံ ၂ နိုင်ငံ အကြား ကုန်သွယ်ရေး စစ်ပွဲ ရက် ၉၀ ကြာ ခေတ္တ ရပ်နားထားတာကြောင့် အမေရိကန် ကုမ္ပဏီတွေဟာ တရုတ် နိုင်ငံက ကုန်ပစ္စည်း တင်ပို့မှုတွေကို အလျင်စလို လုပ်ဆောင်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇာလန်မှာ တွေ့ဆုံခဲ့ပြီးနောက် ဘေဂျင်း နဲ့ ဝါရှင်တန်တို့က အကောက်ခွန် နှုန်းတွေကို သိသိသာသာ လျှော့ချဖို့ သဘောတူခဲ့ကြတာလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ကုန်စ္စည်းတွေ တင်ပို့နေတဲ့ တရုတ်တောင်ပိုင်းဆိပ်ကမ်းကနေ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။



