အမေရိကန်၊ အစ္စရေးနဲ့ အီရန်အကြားတိုက်ပွဲ ၅ ရက်ဆက်လာ

ဗီဒီယို ပုံစာ, အမေရိကန်၊ အစ္စရေးနဲ့ အီရန်အကြားတိုက်ပွဲ ၅ ရက်ဆက်လာ
အမေရိကန်၊ အစ္စရေးနဲ့ အီရန်အကြားတိုက်ပွဲ ၅ ရက်ဆက်လာ

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်နေသလို အီရန်ဘက်ကလည်း ဒေသတွင်း နိုင်ငံတွေက ပစ်မှတ်တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေပါတယ်။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ တိုက်ခိုက်နေကြတာ ၅ ရက်တိုင်လာပြီ ဖြစ်ပါတယ်။ အမေရိကန်က အီရန်ထဲက ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို တိုက်ခိုက်ခဲ့သလို ဟော်မုဇ် ရေလက်ကြားထဲမှာလည်း အီရန် ရေတပ်ရဲ့ လှုပ်ရှားမှုတွေကို ရပ်ပစ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်က သူတို့ တပ်ဖွဲ့တွေက အီရန်သင်္ဘော ၁၇ စင်းကို ဖျက်ဆီး နိုင်ခဲ့ကြောင်းနဲ့ အီရန်ရေတပ် တခုလုံးကို နှစ်မြှုပ်ပစ်လိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။ ဆက်လက်ပြီး အီရန်ဘက်လည်း ဒုံးကျည် ၅၀၀ ကျော်နဲ့ ဒရုန်း ၂,၀၀၀ လောက်ကို သုံးပြီး တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီဘိုဝင် ပေးပို့ထားတဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။