စစ်ကိုင်းတိုင်းက PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီ ကြိုးစားလာ

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းက PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီ ကြိုးစားလာ
စစ်ကိုင်းတိုင်းက PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီ ကြိုးစားလာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက ‌ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလင်းဝင်ဖို့ဆိုပြီး စစ်ကောင်စီတပ်တွေက ဟောပြောပွဲလုပ်တာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပါတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကပ်တာတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာနဲ့ ချောင်းဦးအစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးနောက်မှာ အခုလို စတင်လုပ်ဆောင်လာတာပါ။ စစ်ကောင်စီတပ်တွေက ဘာကြောင့် PDF တွေအလင်းဝင်ဖို့ လုပ်ဆောင်လာတာပါလဲ။ သတင်းအပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြမှာပါ။