မြန်မာနဲ့နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ပိတ်ထား

ဗီဒီယို ပုံစာ, မြန်မာ တရုတ်နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ပိတ်ထား
မြန်မာနဲ့နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ပိတ်ထား

မြန်မာ တရုတ်နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလာနယ်စပ်ဂိတ်တွေ အပါအဝင် ဝ ဒေသမှာရှိနေတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်ထားတာကြောင့် တရုတ်မြန်မာနယ်စပ်မှာရှိနေတဲ့ ဝ ဒေသအပါအဝင် မူဆယ်နဲ့ပန်ဝါမြို့တွေမှာပါ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်နေပြီး စက်သုံးဆီတွေပါ အခက်အခဲရှိနေကြပါတယ်။ ဒီအခြေအနေတွေကို ကိုမောင် ပြောပြမှာပါ။