စစ်ခေါင်းဆောင် ဘာကြောင့် ခရီးတွေ ဆက်တိုက်သွားနေလဲ

ဗီဒီယို ပုံစာ, စစ်ခေါင်းဆောင် ဘာကြောင့် ခရီးတွေ ဆက်တိုက်သွားနေလဲ
စစ်ခေါင်းဆောင် ဘာကြောင့် ခရီးတွေ ဆက်တိုက်သွားနေလဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မရှင်ဖွဲ့ပြီး ဥက္ကဋ္ဌတာဝန်ကိုပါ ယူပြီးနောက် ရန်ကုန်၊ ပဲခူး၊ တောင်ငူ စတဲ့ မြို့နယ်တွေကို ဆက်တိုက်သွားခဲ့ပါတယ်။ စစ်ရေးလေ့လာသူတွေကတော့ တိုက်ပွဲမရှိတော့တဲ့ နေရာတွေကိုသွားပြပြီး တည်ငြိမ်နေတယ် ဆိုတာမျိုးပြချင်လို့ လုပ်နေတာလို့ ပြောကြပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ အခုလို ဆက်တိုက်ခရီးစဉ်တွေသွားလာတာဟာ ဘာကြောင့်ပါလဲ။ ကိုဝေဖြိုးက ပြောပြမှာပါ။