တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စာရင်း ပယ်ဖျက်ခံရ
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စာရင်း ပယ်ဖျက်ခံရ
ရန်ကုန်တိုင်းက ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာအတွက် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတင်ထူးအောင်နဲ့ အမျိုးသား လွှတ်တော် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လေဘာပါတီက ကိုယ်စားလှယ်လောင်း တစ်ဦးကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်ဟာ ဆိုရင် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ အကြား ရေပန်းစားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။



