အစ္စရေးနဲ့ အီရန် အကြား ဆက်လက် တိုက်ခိုက်

ဗီဒီယို ပုံစာ, အစ္စရေးနဲ့ အီရန် အကြား ဆက်လက် တိုက်ခိုက်နေ
အစ္စရေးနဲ့ အီရန် အကြား ဆက်လက် တိုက်ခိုက်

အစ္စရေးနဲ့ အီရန်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတာ ၄ ရက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ညပိုင်းကလည်း အစ္စရေးထဲက အဓိက မြို့ကြီးတွေ ဖြစ်ကြတဲ့ တဲလ်အဗိနဲ့ ဟိုင်ဖာတို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ကြရပါတယ်။ အီရန်အစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေး စခန်းတွေဖွင့်ဖို့ အတွက် ဗလီတွေ၊ ရထား ဘူတာရုံတွေနဲ့ ကျောင်းတွေမှာ ပြင်ဆင်မှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေအပေါ်မှာ အီရန်ပြည်သူတွေ ဘယ်လို ရင်ဆိုင် တုံ့ပြန်နေသလဲ ဆိုတဲ့အကြောင်း ဘီဘီစီ ပါရှန်ဘာသာ ဌာနက ဆဗာ့ရှ်အာဒလန်ရဲ့ သတင်းပေးပို့ချက်ကို ကိုမိုးမြင့်က ပြောပြမှာပါ။