တံတားဦးမြို့မှာ လူ ၂၀၀ နီးပါး သေဆုံး
တံတားဦးမြို့မှာ လူ ၂၀၀ နီးပါး သေဆုံး
အင်အားပြင်း မြေငလျင်ကြောင့် မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ လူ ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ တံတားဉီးနဲ့ ကပ်လျက် အင်းဝ မြို့ဟောင်းမှာ ဆိုရင်လည်း နာမည်ကျော် မယ်နု အုတ်ကျောင်း အပါအဝင် ရှေးဟောင်း ဘုရားစေတီတွေ ပျက်စီး ပြိုကျသွားခဲ့ပါတယ်။ အင်းဝနဲ့ တံတာဦးက အခြေအနေတွေကို အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် မသူဇာလင်းက ပြောပြပေးထားပါတယ်။



