ငလျင်ကြောင့် ဘုံးအိုးရွာခံ ရာနဲ့ချီ သေဆုံးခဲ့ရ
ငလျင်ကြောင့် ဘုံးအိုးရွာခံ ရာနဲ့ချီ သေဆုံးခဲ့ရ
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေ ၃၀၈၅ ယောက် ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ တဘက်မှာလည်း ငလျင်လှုပ်ပြီး၆ ရက်အကြာ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့မှာ မနေ့ကတစ်ရက်တည်းမှာတင် အပျက်အစီးပုံအောက်ကနေ လူ ၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ အင်အားပြင် ငလျင်လှုပ်ခတ်လို့ သေဆုံးမှုများတဲ့ အထဲမှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ဘုံးအိုးရွာလည်း ပါဝင်ပါတယ်။ အဲဒီရွာမှာ အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်ပြီး ငလျင်လှုပ်ခတ်ချိန်မှာ ဗလီပြိုကျလို့ လူပေါင်း တစ်ရာကျော် သေဆုံးခဲ့ပါတယ်။ ဘုံးအိုရွာကနေ မသူဇာလင်း တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။



