ငလျင်သင့် ဒေသတွေမှာ (ICRC) ဘယ်လို ကူညီနေသလဲ
ငလျင်သင့် ဒေသတွေမှာ (ICRC) ဘယ်လို ကူညီနေသလဲ
မြန်မာနိုင်ငံမှာ လူ ၃၇၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ကြီးအပြီးမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အရေး နိုင်ငံတကာအဖွဲ့အစည်းတွေ ကြိုးပမ်းနေကြပါတယ်။ အဲဒီထဲမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)လည်း ပါဝင်ပါတယ်။ ICRC ရဲ့လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ယက်စမင် ပရက်ဇ် ဒက်ဆီမော့ဇ်ဟာ ငလျင် ဗဟိုချက်အနီး မန္တလေးနဲ့ နေပြည်တော်တို့ကိုသွားရောက်ခဲ့ပြီး အဲဒီက မြေပြင်ကယ်ဆယ် တုံ့ပြန်ရေးအခြေအနေတွေကို ကွင်းဆင်း လေ့လာခဲ့သလို မြန်မာအာဏာပိုင်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်ကို ရောက်ခဲ့တဲ့ သူ့အတွေ့အကြုံကို မအေးသူစံက မေးကြည့်ထားပါတယ်။



