ပါတီတွေ ရွေးကောက်ပွဲအတွက် ပြင်ဖို့ စစ်ခေါင်းဆောင်ပြော

ဗီဒီယို ပုံစာ, ပါတီတွေ ရွေးကောက်ပွဲအတွက် ပြင်ကြဖို့ စစ်ခေါင်းဆောင်ပြော
ပါတီတွေ ရွေးကောက်ပွဲအတွက် ပြင်ဖို့ စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်အကြောင်းကို ဒီတစ်လအတွင်းမှာပဲ အနည်းဆုံးနှစ်ကြိမ် ထုတ်ပြောထားပြီး ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အာဆီယံက ရွေးကောက်ပွဲထက် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ပြောချိန်မှာပဲ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအကြောင်း ဒီရက်ထဲ ဆက်တိုက်လိုလို ပြောလာနေပါတယ်။ ဒီသတင်းကို ကိုသန့်ဇင်က ပြောပြမှာပါ။