ငလျင်ဒဏ်သင့်ဒေသတွေမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်နေသလဲ
ငလျင်ဒဏ်သင့်ဒေသတွေမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်နေသလဲ
အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အဆောက်အဦ ပြိုကျပျက်စီးမှုတွေထဲမှာ ဆေးရုံဆေးခန်းတွေလည်း ပါဝင်ခဲ့သလို ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ငလျင်ဘေးသင့်ဒေသတွေမှာ ယာယီဆေးရုံ၊ ဆေးပေးခန်းတွေ ဖွင့်လှစ်ကုသပေးတာတွေ၊ ရွေ့လျားဆေးခန်းတွေနဲ့ ဆေးကုသပေးတာတွေ လုပ် ဆောင်ပေးနေပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်ကြာလာချိန်ထိ ရှိလာချိန်မှာ ငလျင်ဒဏ်သင့်ဒေသတွေမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေလိုအပ်နေပါသလဲ။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။



