ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းရောက် မြန်မာတွေအပေါ် ထိုင်းရွေးကောက်ပွဲ သက်ရောက်မှု
မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီရှိနေတဲ့ အိမ်နီချင်းထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ပထမအပတ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပါတယ်။ ထိုင်းအခြေစိုက်သတင်းဌာနဖြစ်တဲ့ ဘန်ကောက်ပို့စ်သတင်းစာ ကတော့ ဖုမ်ကျိုင်ထိုင်း (BJT) ပါတီနဲ့ သက်ဆင်မိသားစုရဲ့ ဖွေထိုင်းပါတီတို့ကပဲ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေများနေတယ်လို့ ရေးထားပါတယ်။ ဒီရွေးကောက်ပွဲအပြောင်းအလဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်ရောက်မှုရှိနိုင်လား။ ရွှေ့ပြောင်းလုပ်သားတွေရော ဘာတွေမျှော်လင့်လို့ရနိုင်ပါသလဲ။ တစ်ဖက်မှာရော ထိုင်းပါတီတွေက မြန်မာတွေအတွက် တစ်ခုခုလုပ်ပေးနိုင်တာမျိုး မဲဆွယ်စည်းရုံးတာမျိုးရှိရဲ့လား။အပြည့်အစုံကို မသူဇာလင်းက ပြောပြမှာပါ။