ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုလဲနယ်က ရွာ ၃၀ ကျော် စစ်ဘေးရှောင်နေရ
ပုလဲနယ်က ရွာ ၃၀ ကျော် စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ရွာပေါင်း ၃၀ ကျော်က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပုလဲနယ်ထဲက BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီလက်နက်ချပြီးနောက်ပိုင်း အရင်ထက်ပိုပြီး စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ပြောပြမှာပါ။