၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်၊ ထိခိုက် ပျက်စီးမှု ကြီးမား

ဗီဒီယို ပုံစာ, ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်၊ ထိခိုက် ပျက်စီးမှု ကြီးမား
၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး မြေငလျင် လှုပ်ခတ်၊ ထိခိုက် ပျက်စီးမှု ကြီးမား

မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ အင်အား အလွန်ပြင်းထန်တဲ့ငလျင်ကြီး ဒီနေ့လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံတဝန်းက မြို့နယ်အများစုမှာ ပျက်စီး ဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့သလို လူသေဆုံးမှုတွေလည်း ဆက်တိုက်တိုးလာနေပါတယ်။ ဒီနေ့ ငလျင်ဟာ နှစ်ပေါင်း ၁၈၆ နှစ် အတွင်းမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူတချို့သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဆေးရုံတွေမှာ အရေးပေါ်သွေးလိုနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုသန့်ဇင်က ပြောပြမှာပါ။