နောက်ဆက်တွဲ ငလျင်တွေကြောင့် စိုးရိမ် ပူပန်နေရ
နောက်ဆက်တွဲ ငလျင်တွေကြောင့် စိုးရိမ် ပူပန်နေရ
မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ပြီး ရက် ၂၀ ရှိလာတဲ့အထိ ငလျင်ဗဟိုချက်အနီးက မန္တလေးအပါအဝင် နေပြည်တော်နဲ့ စစ်ကိုင်းတို့မှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့ပါတယ်။ ဒီကနေ့မှာ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြို့ခံတွေအတော်လေးထိတ်လန့်စိုးရိမ်ခဲ့ကြရပါတယ်။ နောက်ဆက်တွဲ ငလျင်တွေကြောင့် ငလျင်ဒဏ်သင့်ဒေသခံတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတဲ့ အခက်အခဲတွေလည်း ရှိနေကြပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။