ငလျင်သင့်ဒေသတွေက နေရာထိုင်ခင်းအခက်အခဲ
ငလျင်သင့်ဒေသတွေက နေရာထိုင်ခင်းအခက်အခဲ
ပြင်းထန်ငလျင်လှုပ်ခတ်ပြီး ဆယ်ရက်ကျော်ကြာတဲ့အထိ ငလျင်ဒဏ်သင့်နေရာတွေက ပြည်သူတွေဟာ အဆောက်အအုံတွေထဲမှာ ပြန်နေထိုင်လို့ မရသေးတာကြောင့် နေရာထိုင်ခင်း အခက်အခဲရှိနေပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက ယာယီခိုလှုံရေးစခန်းတွေ ပြုလုပ် ထားပေမဲ့ သွားရောက်နေထိုင်သူ မရှိသလောက်ဖြစ်နေပါတယ်။ ငလျင်လှုပ်ပြီး ၁၀ ရက်ကျော်လာတဲ့အထိ အကူအညီပေးလိုသူတွေနဲ့ အကူအညီလိုအပ်နေသူတွေကြား အချိတ်အဆက်မရှိ ဆက်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ဒီအကြောင်းကို ကိုသန့်ဇင် ပြောပြမှာပါ။



