ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးရေး နည်းလမ်းသစ်
သားအိမ်ခေါင်း ကင်ဆာ ရှိမရှိ စစ်ဆေးနိုင်မယ့် နည်းလမ်းသစ် တစ်ခုကို သုတေသီတွေ ရှာတွေ့ခဲ့ကြပြီး အဲဒီနည်းလမ်းသစ်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီသွေးကို စစ်ဆေးတာက ရောဂါ ရှာဖွေဖို့ တိကျ၊ အဆင်ပြေတဲ့အပြင် အိမ်မှာလည်း ကိုယ်တိုင် လုပ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ယူကေကျန်းမာရေး ဌာနရဲ့ စစ်ဆေးမှုမှာတော့ သားအိမ်ခေါင်းကနေ ဆဲလ် နမူနာကို ထုတ်ယူပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီလို စစ်ဆေးမှုခံယူဖို့ အမျိုးသမီးတွေဆီကို စာပို့ ဖိတ်ကြားလေ့ ရှိပေမဲ့ အဲဒီထဲက သုံးပုံ တစ်ပုံဟာ စစ်ဆေး ခံလေ့ မရှိကြပါဘူး။ ဘီဘီစီ ကျန်းမာရေး ဆိုင်ရာ သတင်းထောက် ဆိုဖီ ဟက်ချင်ဆန် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။