ရုရှားက တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြော

ဗီဒီယို ပုံစာ, ရုရှားက တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြော
ရုရှားက တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းပြော

ရုရှားဘက်က တိုက်ချင်းပစ် ဒုံးကျည်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောကြားပါတယ်။ တကယ်လို့ ဒီကိစ္စကိုသာ အတည်ပြုနိုင်မယ်ဆိုရင် ယူကရိန်း စစ်ပွဲ ရက် ၁၀၀၁ရက် ပြည့်မြောက်တဲ့နေ့မှာ ရုရှားဘက်က စွမ်းအားပြင်းတဲ့ ဒုံးကျည် လက်နက်ကို ပထမဆုံး အသုံးပြု လိုက်တာ ဖြစ်ပါတယ်။ ဒန်နီပရိုမြို့ကို ရုရှားက ဦးတည် ပစ်ခတ်လိုက်တာ ဖြစ်ပြီး အသံထက် မြန်တဲ့ ဒုံးကျည်တွေ နဲ့ ခရုဇ် ဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့ပြီး၊ အဲဒီထဲက ဒုံးကျည် ၆စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားပါတယ်။ ရုရှားထဲက ပစ်မှတ်တွေကို အမေရိကန်နဲ့ ယူကေက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့ပြီးနောက်မှာ ရုရှားက ပြန်လည် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပြီး သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက ယူကရိန်းကို ဒေါ်လာ သန်း ၃၀၀ စစ်ရေး အကူအညီပေးမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကေ နိုင်ငံထုတ် စတောင်း ရှဲဒိုး ဒုံးကျည် ၂စင်းကို ရုရှားဘက် က ပစ်ချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကို ရုရှားဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ ယူကရိန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပေးခဲ့သလား ဆိုတာကိုလည်း ယူကေ အစိုးရ ဘက်က အတည်ပြုတာမျိုး၊ ငြင်းဆိုတာမျိုးလည်း မရှိသေးပါဘူး။ ဘီဘီစီ သတင်းထောက် ဂေါ်ဒန် ကော်ရဲရား ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။