တပ်တွင်းမဲရုံတွေ ပြန်မြင်လာရမလား
တပ်တွင်းမဲရုံတွေ ပြန်မြင်လာရမလား
ရွေးကောက်ပွဲဥပဒေအရ တပ်တွင်းမဲရုံဆိုတာမျိုးမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာပါတယ်။ ဒါပေမဲ့ မဲရုံအရေအတွက်ကို မဲပေးခွင့်ရှိသူဦးရေနဲ့ နေရာဒေသ၊ သွားလာရေးအပေါ်မူတည်ပြီး သင့်တော်သလို သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ NLD အစိုးရလက်ထက်က အဓိက ထောက်ပြခဲ့တဲ့ တပ်တွင်းမဲရုံတွေ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်ပြင်ပနဲ့အနီးတဝိုက်မှာ ရွှေ့ပြောင်းခဲ့တာရှိခဲ့ပါတယ်။ အခု လာမဲ့ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံဆိုတာမျိုးတွေ ပြန်မြင်တွေ့နိုင်ဖို့ရှိလာနိုင်လား။ ဒီအပေါ် ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေက ဘယ်လိုထင်ပါသလဲ။ ဒီသတင်းကို ကိုသန့်ဇင်က ပြောပြမှာပါ။



