ငလျင်ကြီး ၁ လပြည့်နဲ့ ပြန်လည် ထူထောင်ရေး
ငလျင်ကြီး ၁ လပြည့်နဲ့ ပြန်လည် ထူထောင်ရေး
မြန်မာပြည်မှာ အင်အားကြီးငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဒီနေ့ ၁ လပြည့်ပါပြီ။ ငလျင်ဒဏ် အကြီး အကျယ်ခံခဲ့ရတဲ့ မန္တလေးမြို့၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ ငလျင်သင့်ပြည်သူအများအပြား လမ်းပေါ်မှာ နေထိုင်နေကြရဆဲပါ။ ငလျင်ဒဏ်သင့်အဆောက်အဦတွေလည်း ဖြိုဖျက်နိုင်ဖို့ အလှမ်းဝေးနေပါတယ်။ လမ်းပေါ်ကလူတွေ အိမ်တွေ ခြံဝင်းတွေနဲ့ လုံခြုံတဲ့အမိုးအကာ တွေအောက် ရောက်ရှိရေး စိန်ခေါ်ချက်တွေလည်းရှိနေပါတယ်။ ဘာကြောင့်ပါလဲ။ အပြည့်အစုံကို ငလျင်ဗဟိုချက်အနီး မန္တလေးမြို့အပါအဝင် ငလျင်သင့်ဒေသတွေကို သွားရောက်ခဲ့တဲ့ မအေးသူစံက စုစည်းပြောပြပေးပါမယ်။



