ရွေးကောက်ပွဲမှာ မပါကြဖို့ တော်လှန်ရေးအဖွဲ့တွေ တားမြစ်

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲမှာ မပါကြဖို့ တော်လှန်ရေးအဖွဲ့တွေ တားမြစ်
ရွေးကောက်ပွဲမှာ မပါကြဖို့ တော်လှန်ရေးအဖွဲ့တွေ တားမြစ်

စစ်တပ်က ကျင်းပမဲ့ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာမျိုး မလုပ်ဖို့နဲ့ မကူညီကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေက သတိပေးစာတွေထုတ်ပြီး တားမြစ်ထားကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးချင်တာပဲဖြစ်ဖြစ် မလွှဲသာလို့ မဲပေးရတာမျိုး ဖြစ်ဖြစ် ရှိလာရင်ရော တစ်နည်းနည်းနဲ့ ပါဝင်ခဲ့ရင်ရော အရေးယူတာတွေ ရှိလာနိုင်မှာလား။ အပြည့်အစုံကို မဇာဏီထွဏ်းက ပြောပြသွားမှာပါ။