ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲ အပိုင်း ၃ ပြီး USDP အများစုနိုင်
စစ်အာဏာသိမ်းအပြီး ငါးနှစ် နီးပါး အကြာမှာ စစ်ကော်မရှင် ဦးဆောင်ပြီး အပိုင်းလိုက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ မနေ့က အပိုင်းအားလုံး ပြီးသွား ခဲ့ပါပြီ။ အပိုင်း (၁) နဲ့ (၂) ပြီး ချိန်ကတည်းက အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပဲ မနေ့ကပြီးသွားတဲ့ အပိုင်း (၃) မှာလည်း နေရာ အများစုမှာ ထပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခု နောက်ဆုံးအပိုင်း အနိုင်ရရှိမှုကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာနိုင်ခြင်းတော့ မရှိသေးပါဘူး။ ကြံ့ခိုင်ရေးပါတီနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ တခြား နိုင်ငံရေး ပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အနိုင်မရကြတာ ဘာကြောင့်ပါလဲ။ ကိုဝေဖြိုးက ပြောပြမှာပါ။