ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်မှာ မောင်းသူမဲ့ ကုန်တင်ကားများ စမ်းသပ်
အဝေးပြေးလမ်းမကြီးပေါ်မှာ ကုန်အပြည့်တင်လာတဲ့ ကုန်တင်ကားကြီးမောင်းလာမယ်၊ ဒါပေမဲ့ မောင်းတဲ့ လူမပါဘဲ သူ့အလိုအလျောက် မောင်းလာမယ်ဆိုရင် တချို့ အတွက် အံ့သြစရာဖြစ်သလို ထိတ်လန့်စရာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာတော့ ဒီလို မောင်းကြဖို့ စမ်းသပ်နေပါပြီ။ တချို့လမ်းတွေမှာ မောင်းသူမဲ့ ထရပ်ကားကြီးတွေကို စောင့်ကြည့်မှုနဲ့ မောင်းနှင်စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။ အဲဒီထက် သေးတဲ့ ကုန်သယ်ကုန်ပို့ ယာဉ်မျိုးတွေဆို လူသုံးများတဲ့ လမ်းတွေပေါ်မှာတောင် တွေ့နေကြရပါပြီ။ ဘီဘီစီရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက် စတီဗင်မက်ဒေါနယ် ဘေကျင်းနဲ့ တရုတ်ပြည်အရှေ့ပိုင်း ဟာဖေမြို့တွေက ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။