တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေ
တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေ
ကန်ပိုင်တည်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက သိမ်းယူခဲ့ပြီးတဲ့ နောက်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ် အားလုံး နီးပါးကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေက ထိန်းချုပ် ထားပါတယ်။ တရုတ် နိုင်ငံဘက်ကလည်း အကန့်အသတ်နဲ့သာ ကုန်သယ်ခွင့်ပေးသလို နယ်စပ် ကုန်သွယ်ရေး ကို တင်းတင်းကျပ်ကျပ် စိစစ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီက အခြေအနေတွေကို ကိုမောင်က ပြောပြပေးမှာပါ။



