စစ်ခေါင်းဆောင် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ အခင်းအကျင်း
စစ်ခေါင်းဆောင် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ အခင်းအကျင်း
စစ်ခေါင်းဆောင်က သူယုံကြည်စိတ်ချရတဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ ကို လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်အများစုကိုလည်း သူ့တို့ရဲ့သက်ဆိုင်ရာ ဒေသတွေကနေ ရွေးကောက်ပွဲ ဝင်ပြိုင်စေတာ တွေ့ရပါတယ်။ စစ်ခေါင်းဆောင်က ဒီလို ရွေးကောက်ပွဲ အခင်းအကျင်းကို ပြင်ဆင်ထားတာ ဘာကြောင့်ပါလဲ။ ဒီလို ပြင်ဆင်ထားမှုက ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းအခင်းအကျင်းနဲ့ လွှတ်တော်က ထွက်ပေါ်လာမယ့် အစိုးရဖွဲ့မှု ဘယ်လိုရှိနိုင်ပါသလဲ။ ဒီအကြောင်း ကိုကျော်ဇေယျ ပြောပြမှာပါ။