ပုလဲတိုက်ပွဲကြောင့် လူသောင်းနဲ့ချီ စစ်ဘေးရှောင်
ပုလဲတိုက်ပွဲကြောင့် လူသောင်းနဲ့ချီ စစ်ဘေးရှောင်
ပုလဲမြို့သိမ်းတိုက်ပွဲကနေ လက်နက်တချို့နဲ့ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ကူတိုးချဲ့ချထားလို့ လေးရက်မြောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ် (BNRA)က မနေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ကိုကျော်ဇေယျ က စုစည်း ပြောပြပါမယ်။