ငလျင်ကြောင့် နေပြည်တော် အုပ်ချုပ်ရေး ယန္တရား ၇၀% ထိခိုက်

ဗီဒီယို ပုံစာ, ငလျင်ကြောင့် နေပြည်တော် အုပ်ချုပ်ရေး ယန္တရား ၇၀% ထိခိုက်
ငလျင်ကြောင့် နေပြည်တော် အုပ်ချုပ်ရေး ယန္တရား ၇၀% ထိခိုက်

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ ရုံးဌာနတွေအပါအဝင် အုပ်ချုပ်ရေးယန္တရား ၇၀ ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ရှေးဟောင်း သုတေသနပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်လို ယဥ်ကျေးမှုနဲ့အမွေအနှစ်တွေထိန်းသိမ်းထားရာအဆောက်အအုံကြီးတွေလည်းပါဝင်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ရက် ၂၀ ကျော်အကြာမှာ နေပြည်တော်က ဌာနဆိုင်ရာတွေနဲ့ ရုံးအဆောက်အအုံတွေရဲ့ အခြေအနေက ဘယ်လို ရှိနေပါသလဲ။ မသင်းသင်းနွယ်က ပြောပြပေးမှာပါ။