ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်တွင်း စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်
အီရန်ဟာ ကမ္ဘာ့ရေနံ ကုန်သွယ်ရေးရဲ့ ၂၀ ရာခိုင်နှုန်း အထိ ဖြတ်သန်းနေတဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်လိုက်ပြီး၊ ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ရေနံ အဓိက ထုတ်လုပ်တဲ့ အရှေ့အလယ်ပိုင်း ဒေသတလွှားက နိုင်ငံတွေကိုလည်း တိုက်ခိုက်နေတဲ့ အတွက် ကမ္ဘာ့ရေနံစျေးတွေ တက်နေသလို၊ မြန်မာနိုင်ငံထဲမှာလည်း စတင် သက်ရောက် ရိုက်ခတ်လာနေတဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်။ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး စီတန်း ဝယ်ယူ နေကြတာတွေကို စတင် မြင်လာရပါတယ်။ တကယ်ရော စက်သုံးဆီ ပြတ် သွားနိုင်တဲ့ အထိ ဖြစ်လာ နိုင်လား။ ဘယ်ကဏ္ဍတွေမှာ ထိခိုက် လာနိုင်လဲ။ ကြိုတင် ပြင်ဆင်မှုတွေရော ရှိနေလား ဆိုတာတွေကို ကိုမောင်က ပြောပြထားပါတယ်။