ငလျင်အပြီး မြန်မာ့သင်္ကြန်
ငလျင်အပြီး မြန်မာ့သင်္ကြန်
အခုနှစ် သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေမှာ နစ်နာဆုံးရှုံးခဲ့မှုတွေကို စာနာတဲ့အနေနဲ့ အပျော်အပါး၊ သီဆိုကခုန်တာမပါဘဲ အေးသင်္ကြန်အဖြစ် ကျင်းပနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တဲ့ င လျင်ကြောင့် လူတွေ ဝမ်းနည်းနေရချိန်မှာ ကျရောက်လာတဲ့ မြန်မာနှစ်ကူး သင်္ကြန်ပွဲတော်ကို မန္တလေး၊ စစ်ကိုင်းက ဒေသခံတွေ ဘယ်လို ဖြတ်သန်းနေကြပါသလဲ။ ကိုသန့်ဇင်က ဆက်ပြောပြမှာပါ။



