စစ်ကော်မရှင် မဲစာရင်း လာကြည့်သူနည်းပါး
စစ်ကော်မရှင် မဲစာရင်း လာကြည့်သူနည်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် စာရင်းတွေ ကပ်တဲ့ရက်ကို အောက်တိုဘာ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်တိုးမြှင့်လိုက်သလို ပြည်တွင်း ပြည်ပက ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူတွေ ပုံစံ(၁၅) တင်သွင်းရမယ့်ရက်ကိုလည်း ၅ ရက် ထပ်တိုးပေးလိုက်ပါတယ်။ ပထမအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းတွေလည်း အမှားအယွင်းတွေ များနေသလို ပြည်သူတွေကလည်း မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါမပါ ဆိုတာကို စစ်ဆေးဖို့အတွက် စိတ်မဝင်စားကြဘူး လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြမှာပါ။



