ငလျင်ဒဏ်ခံခဲ့ရတဲ့ နေပြည်တော်က နောက်ဆုံး အခြေအနေ
ငလျင်ဒဏ်ခံခဲ့ရတဲ့ နေပြည်တော်က နောက်ဆုံး အခြေအနေ
လူပေါင်း ၄ထောင်နီးပါး သေဆုံးပြီး၊ သောင်းနဲ့ချီတဲ့ နေအိမ်တွေ၊ အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့တဲ့ ငလျင်ကြီးလှုပ်ခဲ့တာ တစ်လပြည့်ဖို့ရက်ပိုင်း ပဲလိုပါတော့တယ်။ အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ဟာ ငလျင်ဒဏ်အဆိုးရွားဆုံးခံ ခဲ့ရတဲ့ဒေသတွေထဲက တစ်ခုဖြစ်ပြီး၊ အစိုးရရုံးဝန်ကြီးဌာနတွေနဲ့အထပ်မြင့် ဝန်ထမ်းအိမ်ရာတွေအားလုံးနီးပါး ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ တစ်လနီးပါးအကြာမှာ အစိုးရရုံးဌာနတွေ ဘယ်လို လည်ပတ်နေပါသလဲ။ ပြိုကျသွားတဲ့ ဝန်ထမ်းအိမ်ရာတွေကို ရှင်းလင်းနိုင်ပါပြီလား။ မအေးသူစံက နေပြည်တော်ကနေ တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။