ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ဈေးကွက်ပိတ်ထားလို့ ဖရဲသခွား တောင်သူတွေအခက်ကြုံ
တရုတ်ဈေးကွက်ပိတ်ထားလို့ ဖရဲသခွား တောင်သူတွေအခက်ကြုံ
ကိုဗစ်ကာလ ကတည်းကစပြီး မြန်မာနိုင်ငံဘက်က ဖရဲ၊ သခွားဝယ်ယူမှုကို တရုတ်နိုင်ငံ ဘက်က ရပ်တန့်ထားသလို လက်ရှိအချိန် အထိလည်း နိုင်ငံရေး အခြေအနေတွေကြောင့် တရုတ်နယ်စပ် ဂိတ်တွေ ဆက်ပိတ်ထားတဲ့အတွက် ဖရဲ၊ သခွား ဈေးကွက်ပျက်နေပြီး တောင်သူတွေလည်း အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။ တရုတ် ဈေးကွက်မရှိတော့ချိန် ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထားနေရတာကြောင့် စိုက်ပျိုးမှု ထက်ဝက်လောက် လျော့ကျလာတယ်လို့လည်း တောင်သူတွေထံက သိရပါတယ်။ အကြောင်းစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။