သမ္မတ ထရမ့်ရဲ့ အနီးကပ်ဆုံး မဟာမိတ် ချာလီ ကာ့ လုပ်ကြံခံရ

ဗီဒီယို ပုံစာ, သမ္မတ ထရမ့်ရဲ့ အနီးကပ်ဆုံး မဟာမိတ် ချာလီ ကာ့ လုပ်ကြံခံရ
သမ္မတ ထရမ့်ရဲ့ အနီးကပ်ဆုံး မဟာမိတ် ချာလီ ကာ့ လုပ်ကြံခံရ

အမေရိကန် သမ္မတ ရဲ့ အနီးကပ်ဆုံး မဟာမိတ် တစ်ယောက် ဖြစ်တဲ့ ချာလီ ကာ့ဒ် ဟာ ယူတာပြည်နယ်က တက္ကသိုလ် တစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး သွားခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ချာလီ ကာ့ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အတွက် ဝမ်းနည်းပူးဆွေးနေရပြီး၊ ဒါဟာ တိုင်းပြည်အတွက် အမှောင်မိုက်ဆုံး အခိုက်အတန့် ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။ လောလောဆယ်မှာတော့ သေနတ်သမားကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ရေဂန် မောရစ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။

နောက်ဆက်တွဲ သတင်း ဖော်ပြချက် - ကွန်ဆာဗေးတစ် တက်ကြွ လှုပ်ရှားသူ ချာလီ ကာ့ ကို ပစ်ခတ်တဲ့ နေရာမှာ အသုံးပြုတဲ့ စွမ်းအားမြင့် ရိုင်ဖယ် တစ်လက် ကို သိမ်းဆည်းရမိထားတယ်လို့ FBI က ပြောကြားပါတယ်။ ယူတာမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သေနတ်သမား လို့ ယူဆရသူရဲ့ ဗီဒီယိုတွေကိုပါ ရရှိထားပြီး၊ သူဟာ တက္ကသိုလ် ကျောင်းသား အရွယ် ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ဒါ့အပြင် ခြေရာတွေနဲ့ တခြား အချက်အလက်တွေကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။