ငလျင်ဘေး ကူညီရေး ပေါင်းစပ် ညှိနှိုင်းရေး ဖွဲ့ဖို့ ဆွေးနွေး
ငလျင်ဘေး ကူညီရေး ပေါင်းစပ် ညှိနှိုင်းရေး ဖွဲ့ဖို့ ဆွေးနွေး
ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ပြည်တွင်းပြည်ပက ရရှိလာတဲ့ အကူအညီတွေကို တကယ်လိုအပ်နေသူတွေဆီ မှန်မှန်ကန်ကန်ရောက်ရှိဖို့ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေကြား ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တစ်ခု ဖွဲ့ဖို့ ရန်ကုန်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့ထဲမှာ ငလျင်ဒဏ်သင့်ဒေသတွေက အရပ်ဖက်အဖွဲ့အစည်းတွေလည်းပါဝင်ပါတယ်။ ငလျင်ကူညီမှုတွေအားလုံး စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့လုပ်ရမယ်လို့ ပြောထားချိန်မှာ ဒီညှိနှိုင်းရေးအဖွဲ့က ဘယ်လိုထိရောက်တဲ့နည်းလမ်းတွေကို ရှာဖွေဖို့ ဆွေးနွေးနိုင်ခဲ့ပါသလဲ။ ကိုမြင့်လွင်က ဆက်ပြီးပြောပြပေးမှာပါ။



