ငလျင်အပြီး မန္တလေးက အသေးစား၊ အလတ်စား လုပ်ငန်းတွေ ထိခိုက်
ငလျင်အပြီး မန္တလေးက အသေးစား၊ အလတ်စား လုပ်ငန်းတွေ ထိခိုက်
အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ ငလျင် လှုပ် ခတ်ပြီး တစ်လကျော်ကြာတဲ့ အချိန်ထိ ဒေသတွင်းက အသေးစား အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ အားလုံး ထဲက ထက်ဝက်ကျော် ရပ်ဆိုင်းနေပြီး ပြန်လည်ထူထောင်ဖို့အတွက် လိုအပ်ချက်တွေ များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အမရပူရမြို့နယ်က နာမည်ကျော် ရိုးရာ ရက်ကန်း လုပ်ငန်းတချို့ပါ ပြန်လည် မလည်ပတ်နိုင်သေးတဲ့ အခြေအနေမျိုးပါ။ မတာရာက ပြောပြထားပါတယ်။