ရန်ကုန်မှာ စစ်လက်နက်ဝယ်ပေးသူ ဆိုတဲ့ လုပ်ငန်းရှင် အသတ်ခံရ
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန အတွက် အမည်ခံပေးပြီး လက်နက်အပါအဝင် ပစ္စည်းတွေ ဝယ်ယူပေးနေတယ်ဆိုပြီး လူငယ် စီးပွားရေးလုပ်ငန်းရှင် ကိုဉာဏ်လွင်အောင် ကို ရန်ကုန်မြို့လယ် ၁၇ လမ်းနဲ့ အနော်ရထာလမ်းထောင့်အနီးမှာ အနီးကပ်ပစ်ခတ်ခဲ့တဲ့ အကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Urban Owls က ထုတ်ပြန်လာပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ကိုဉာဏ်လွင်အောင်မှာ ကိုမီခေး ဒါမှမဟုတ် Mikel Van De Jong ဆိုတဲ့အမည်တွေ ရှိသေးပြီး ကိုမီခေးအဖြစ် စီးပွားရေးနဲ့ တပ်အသိုင်းအဝိုင်းမှာ သိကြတယ်လို့ ဆိုပါတယ်။ သူ့ကို ဒီဂျေတီးခတ်သူအဖြစ်လည်း သိကြပါတယ်။ ရန်ကုန်မှာ ရုံးချုပ်ဖွင့်ထားပြီး စင်ကာပူ၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရုံးခွဲတွေဖွင့်လှစ်ထားတဲ့ North Gate Engineering and Technology ကုမ္ပဏီကို ဦးစီးလုပ်ကိုင်နေသူ ကိုဉာဏ်လွင်အောင် ပစ်ခတ်ခံရတာ ဘာကြောင့်လဲ၊ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တာလဲ။ ဒီပစ်ခတ်မှုအကြောင်း ကိုတင်အောင်ကျော်က ပြောပြမှာပါ။