တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ဦးရေ နှစ်သန်းနီးပါး ရှိလာနေပြီလို့ ကုလသမဂ္ဂပြော
မြန်မာမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါး ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်လာပါတယ်။
တစ်ဖက်မှာလည်း ရန်ပုံငွေလိုအပ်ချက်ဟာ UN ရဲ့ ပံ့ပိုးကူညီမှုတွေကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ အဟန့်အတားဖြစ်လာစေတယ်လို့ UN က ဆိုပါတယ်။
တိုးလာနေတဲ့ ဒုက္ခသည်တွေနဲ့ ရန်ပုံငွေ ရရှိဖို့ ရုန်းကန်လာရတဲ့ ဒီအခြေအနေကြား ပြည်တွင်းက စစ်ရှောင်တွေ ဘယ်လို အသက်ဆက်နေကြရပါသလဲ။ အကြောင်းစုံကို မရွှေပိုးနီက ပြောပြမှာပါ။