ပုဂံမှာ မြောင်းတူးတဲ့အတွက် ဝေဖန်မှုတွေရှိ
ကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ ရေစီးရေလာကောင်းမွန်ရေးနဲ့ ရေမဝပ်ဖို့အတွက် ရှေးဟောင်း သုသေတန ဦးစီးဌာကနေ ရေမြောင်းတွေတူးဖော်နေတဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ မြေလွှာ အောက်က ရှေးဟောင်းသမိုင်းအထောက်အထားတွေပျက်စီးတယ်ဆိုတဲ့ ထောက်ပြမှုတွေလည်းရှိနေ ပါတယ်။ အခုလိုမြောင်းတူးဖော်မှုတွေကို ဘယ်လိုစီမံလုပ်ဆောင်နေတာပါလဲ အပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။