စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ကယား ဝန်ကြီးချုပ်ဟောင်း
ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် NLD လက်ထက်က တာဝန်ယူခဲ့ဖူးသူ ဦးအယ်ဖောင်းရှိုဟာ ကယားပြည်နယ်အတွင်းက IEC ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်လပ်ရေးတပ်မတော် စတဲ့အဖွဲ့တွေအပြင် KNDF တို့နဲ့ ပူးပေါင်းပြီး စစ်အာဏာသိမ်း ဆန့်ကျင်တော်လှန်မှုကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဖြစ်စဥ်က လူအများစု ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနဲ့ လက်ရှိတော်လှန်ရေးလုပ်ငန်းစဥ်တွေအကြောင်း ပြောပြချက်ကိုကြည်ရှု့နိုင်ပါတယ်။
ဦးအယ်လ်ဖောင်းရှိုနဲ့ ဘီဘီစီတို့ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကိုလည်း ဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်။