PDF တွေ လက်နက်အပ်ရင် ဆုငွေပေးမယ်လို့ စစ်ကောင်စီပြော
တရားမဝင်ကိုင်ဆောင်ထားတဲ့ သေနတ်တွေကို လိုင်စင်လျှောက်ကြဖို့ စစ်ကောင်စီက ထပ်မံညွှန်ကြားလိုက်ပြီး သတ်မှတ်ချိန်အတွင်းပြန်မအပ်ရင် အရေးယူမယ်လို့ထုတ်ပြန်လာပါတယ်။ လက်ရှိ သေနတ် လိုင်စင်လျှောက်ထားသူတွေရဲ့ အခြေအနေ ဘယ်လိုရှိနေပါသလဲ။ တစ်ဆက်တည်းမှာပဲ PDF တွေ လက်နက်အပ်ရင် ဆုငွေပေးမယ့်အကြောင်းပါ စစ်ကောင်စီက ထုတ်ပြန်လာတာပါ။ အကြောင်းစုံကို ကိုတင်အောင်ကျော် ပြောပြပေးမှာပါ။