ဖယ်ခုံမြို့နယ်တွင်းက ဆေးရုံကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်
ရှမ်ပြည်နယ်နဲ့ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်က ဆောင်းဖွေးကျေးရွာမှာရှိတဲ့ ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့နောက် ဒီကနေ့ ဧပြီ ၂၆ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသ ကာကွယ်ရေးတပ်တွေ အကြား မိုးဗြဲနဲ့လွိုင်ကော်တို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ကရင်နီဘက်က စစ်ရေးအခြေအနေတွေကိုတော့ ကိုဘိုဘိုက စုစည်းပြောပြပေးပါမယ်။