သင်္ကြန်ကာလအတွင်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေပိုများလာ
သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲဖို့ စီစဉ်နေသူတွေကို ကြိုတင်လက်ဦးမှုရယူတဲ့အနေနဲ့လို့ဆိုကာ ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေက အမျိုးသား၊ အမျိုးသမီး ၈ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီဘက်က ဒီရက်ပိုင်းဆက်တိုက်ထုတ်ပြန်လာပါတယ်။ မြို့ပြပြောက်ကျားအဖွဲ့တွေဘက်ကလည်း အခုသင်္ကြန်ကာလအတွင်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေပိုများလာပြီး လူဆယ်နဲ့ချီ ဖမ်းဆီးခံထားရပြီလို့ တုံ့ပြန်လာပါတယ်။ အကြောင်းစုံကို ကိုရင်မောင် က စုစည်းပြောမှာပါ။